• This is Slide 1 Title

    This is slide 1 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

  • This is Slide 2 Title

    This is slide 2 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

  • This is Slide 3 Title

    This is slide 3 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

Showing posts with label ဇာပိုင် အလုပ်လုပ်. Show all posts
Showing posts with label ဇာပိုင် အလုပ်လုပ်. Show all posts

Saturday, February 13, 2010

DSL (ADSL ) ဇာပိုင် အလုပ်လုပ်လဲ

အကျွန်ရို့ အင်တာနက်ချိန်ဆက်တေ အခါ မှာ အကျွန်ရို့ Modem , ရုံးက LAN , cable modem ဒါမှမဟုတ် DSL connection , အခြား အရာ တိ ယင်းဟင့်တိ ကို ဖြတ်ပြီးကေ ချိတ်ဆက်ရပါရေ။ အခု ပြောချင်စွာ ယင်းအထဲက DSL (Digital subscriber line )လို့ခေါ်ရေ အင်တာနက် လိုင်း၊ အေဟင့်စွာ ဖုန်းလိုင်းကိုဖြတ်ပြီးကေ အလုပ်လုပ်ဆောင်ရေ လိုင်းတစ်လိုင်းဖြိုက်တေ ၊ မြန်ဆန်ရေ connection အမျိုးအစားလဲ ဖြိုက်ပါရေ။

DSL ရဲ့ ကောင်းရေ အချက် ဆိုးရေအချက်ချေတိကို ဖော်ပြပါမယ်။
ကောင်းရေ အချက်

  • ဖုန်းလိုင်းကို အသုံးပြုပြီးချိတ်ဆက်ထားကေလေ့ ယင်းဖုန်းလိုင်းကို သုံးလို့ရပါရေ
  • regular Modem ထက်မြန်ရေ
  • ဖုန်းလိုင်းကို အသုံးပြုရေ အတွက်နန့် နောက်ထပ် ကြိုးတိ ချိတ်ဆက်ဖို့အတွက် ငွေမကုန်ဗျယ်

မကောင်းရေ အချက်ချေတိကတော့

  • Central office နန့် နီးကေ connection မြန်ပြီးကေ Central office နန့် ၀ီးကေ connection နှေးပါရေ
  • Data တိကို ပို့စွာထက် လက်ခံစွာမှာ မြန်ရေ (sending data ထက် receiving data ကပိုမြန်ရေ)
  • အေ service ကို နေရာတကာမှာ မရနိင်ပါ။
Asymmetric DSL (ADSL)
အခု အခါမှာ အိမ်ရော ရုံရော တော်တော်များများမှာ ADSL လိုင်းကို ချိတ်လာကတ်ပါဗျယ်။ ADSL ရေ Internet user တိ browsing လုပ်ဖို့ download လုပ်ဖို့ information တိကို ပို့ဖို့ တင်ဖို့ လုပ်လို့ရရေ frequencies လိုင်း ဖြိုက်ပါရေ။

ADSL လိုင်းက တော့ central office နန့်နီးရေ user တိစွာ central office ထက် ၀ီးစွာလူတိထက် ပိုမြန်ပါရေ။ ယင်းတော့ နန့် ADSL စွာ distance-sensitive technology တစ်ခုဖြိုက်ပါရေ။ connection ရဲ့ အလျားရှည်လီ connection မြန်ဆန်မူနှုံး ကျလီဖြိုက်ပါရေ။ ADSL လိုင်းရဲ့ အကန့်အသတ်က တော့ central office ပတ်ဝန်းကျင် ပေ 18000 (5460 meter) ထိရာကန့်သတ်ထားပါရေ။

ADSL technology ရေ 6000 ပေ (1820 မီတာ) အတွင်းမှာ 8Mbps (တစ်စက္ကန့်မှာ 8Mb) အထိ downstream (receive) ရနိုင်ပါရေ။ upstream speed ကရေ (send) 640 kbps ထိ ရပါရေ။ တချို့ နေရာတိမှာ ADSL2 ADSL2+ ရရေနေရာတိမှာဆိုကေ downstream (12 Mbps) upstream (1Mbps)ထိရနိုင်ပါရေ။ ADSL2+ ကတော့ ယင်းဟင့်တိထက် ပိုကောင်းပါရေ။

DSL မှာ အကွာအဝေး သတ်မှတ်ချက် ဟိရေ telephone လိုင်းကတော့ သတ်မှတ်ချက်အဟိ အဇာဖြိုက်လို့ပါလဲ ။ phone line မှာက loading coil ဆိုရေ small amplifier ကို ဖုန်း company တိမှာ သုံးပါရေ ယင်းဟင့်က voice signal တိကိုမြန်ဆန်အောင်လုပ်ပါရေ။ loading coils ရေ ADSL signal နန့် သဟဇာတမဖြိုက်ပါ။
ADSL ရဲ့ ဆက်သွယ်မူပစ္စည်းတိကို customer ဘက်ကနန့် ISP , phone company ဘက် ဆိုပြီ နှစ်ပိုင်းခွဲထားပါရေ။ customer က ပစွည်းကို DSL transceiver ၊ DSL services provider ဘက်က DSL Access Multiplexer (DSLAM) ဖြိုက်ပါရေ။


Transceiver (Customer end)
DSL transceiver ကို DSL Modem လို့ခေါ်ပါရေ။ ISP ရို့ phone company တိက တော့ ATU-R လို့လဲ ခေါ်ကတ်ပါရေ။ အေဟင့်ကို ဖုန်းလိုင်းနန့် ချိတ်ဆက်ပါရေ။ DSL Modem နန့် တွဲသုံးလို့ရေ connector တိကတော့ USB , 10 Base T ရို့ ဖြိုက်ပါရေ။

DSLAM
DSLAM စွာ DSL အတွက် access provider ဖြိုက်ပါရေ။ DSLAM ကနီ connection တော်တော်များများ ကို ချိတ်ဆက်နိင်ပါရေ၊ ပြီးကေ DSL အမျိုးအစား ကွဲများကို လဲ ချိတ်ဆက်နိုင်ပါရေ။ DSLAM ဟိစွာနေရာကို တနည်း အားဖြင့် central office လို့ လဲ ခေါ်ပါရေ။